၃၁ ရက်နေ့မှာကျရောက်တဲ့ 61 နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကို Wheaton (surburb of Chicago) Illinois မှာရှိတဲ့ကရင်များ စုပေါင်းပြီးကျင်းပကြပါတယ်၊ ချီကာဂိုမှ ကရင်တချို့နဲ့အခြားသောမြန်မာတိုင်းရင်းသားများလည်း လာရောက်ကြပါတယ်။ ဒီအခမ်းအနားမှာ KNU တွဲဘက်အထွေထွေအတွင်းရေးမှုး ၂ နဲ့ KNLA တပ်မဟာ ၇ တပ်ရင်း ၁၀၁ တပ်ရင်းမှုး စောဖောဒို တို့က skype ကနေပြီးတော့ တိုက်ရိုက်နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး အခမ်းအနားတက်ရောက်သူများရဲ့ မေးခွန်းနဲ့ဝေဖန်အကြုံပြုချက်များကို ပြန်လည်ဖြေကြားရှင်းလင်းတင်ပြသွားခဲ့ပါတယ်။ အမေရိကန်မှာရှိနေတဲ့ ယခင် KNU ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ဒေါက်တာမာတာကလည်း ဒီအခမ်းအနားမှာ အမှာစကားပြောကြားသလို Australia နိုင်ငံ Melbourne မှာနေထိုင်တဲ့ ကရင်စာရေးဆရာ မောင်စင်ကြယ်(မန်းညွန့်မောင်)ရဲ့ ကရင့်တော်လှန်ရေးနေ့အတွက် နှုတ်ခွန်းဆက်စကားကို အသင့်အသံသွင်းပြီးသား ဗီဒီယိုကင်မရာနဲ့ ဖွင့်ပြနှုတ်ခွန်းဆက်ပါတယ်။
မှတ်သားဖွယ်ရာစကားကတော့ စောဖောဒို က ‘ 1999 ခုနှစ်နှောင်းပိုင်း ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့ ဗိုလ်ချုပ်ခင်ညွန့်တို့နဲ့ ရန်ကုန်မှာတွေ့တုန်းက ကျနော်ပြောခဲ့ပါတယ်။ 1995 ခုနှစ်ဦးပိုင်းမှာ မာနယ်ပလောဌါနချုပ်ကျတော့ မြန်မာ့အလင်းသတင်းစာနေပြီး အခန်းဆက်ဆောင်းပါးနဲ့ ‘ကေအဲန်ယူ ဘာလဲ ဘယ်လဲ‘ ဆိုတဲ့ဆောင်းပါးရေးတယ်၊ ဒီနေ့ ကေအဲန်ယူရန်ကုန်ရောက်နေပါတယ် လို့ကျနော်က ဗိုလ်ခင်ညွန့်နဲ့ အဖွဲ့ကိုပြောခဲ့ပါတယ်။ ဆိုလိုတာကတော့ ကရင်လူမျိုးတွေရှိနေသရွေ့ ကေအဲန်ယူ ဆိုတာ ပျောက်ပျက်မသွားပါဘူး၊ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်မရောက်မခြင်း ဆက်လက်တိုက်ပွဲဝင်နေအုံးမှာပါပဲ‘
ဒေါက်တာမာတာကလည်း အရှိကိုအရှိအတိုင်း ဝေဖန်သုံးသပ်ပြီး တော်လှန်ရေးရဲ့ရည်ရွယ်ချက် အောင်မြင်အောင်လုပ်ဆောင်ဖို့ အကြံပေးတိုက်တွန်းသွားသလို၊ စာရေးဆရာ မောင်စင်ကြည်ကလည်း ‘ဒီနေ့ ကရင့်တော်လှန်ရေးလောက်သက်တမ်းမကြာတဲ့ တမီးလ်လွတ်မြောက်ရေးအဖွဲ့ ခြုပ်ငြိမ်းသွားပေမဲ့ ကေအဲန်ယူဟာ 61 နှစ်ကြာတိုင်အောင် ဆက်လက်တော်လှန်တိုက်ပွဲဝင်နေနိုင်တာကို ဂုဏ်ယူနိုင်သလို တဖက်မှာလည်း တော်လှန်ရေးအောင်မြင်အောင် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းတာဝန်ခွဲဝေပေးရန် လိုအပ်ကြောင်း တိုက်တွန်းအားပေးသွားပါတယ်။
this is personal blog and would like to share to our comrades who are fighting Burmese military dictatorship fail. KAWTHOOLEI means " land without evils "
Subscribe to:
Post Comments (Atom)
No comments:
Post a Comment